Skip to main content

Posts

Showing posts from October, 2019

Starship Troopers: Traitor of Mars (2017)

Starship Troopers: Traitor of Mars (2017) (Unicode) ဇာတ်လမ်းအကြောင်းကိုပြောရမယ်ဆိုရင်တော့ မားစ်ဂြိုလ်ပေါ်ကို ကျူးကျော်၀င်ရောက်လာတဲ့ ပိုးကောင်တွေကို သုတ်သင်ဖို့စေလွှတ်ခြင်းခံရတဲ့ လက်နက်ကိရိယာတွေတပ်ဆင်ထားတဲ့ကင်းလှည့်တပ်စုတစ်စုအကြောင်းပါ… ထိုတပ်စုဟာ ပညာသင်ယူလေ့လာနေဆဲတပ်စုတစ်စုဖြစ်ပြီးတော့ တကယ်တမ်း အန္တရာယ်နဲ့ကြုံတွေ့လာရတဲ့အခါ အတွေ့ကြုံများတဲ့ တပ်စုတစ်စုလို မားစ်ဂြိုလ်ပေါ်ကိုစေလွှတ်ခြင်းခံခဲ့ရပါတယ်… တိုက်ပွဲအတွေ့ကြုံမရှိတဲ့အပြင် တကယ်တမ်းပိုးကောင်တွေနဲ့ရင်ဆိုင်လာရတဲ့အခါ ထိုလူငယ်တပ်စုဟာအမှားမှားအယွင်းယွင်းတွေဖြစ်ကုန်ကြပါတယ်.... အားလုံးကလည်း မားစ်ဂြိုလ်ပေါ်မှာထိုတပ်စုကို သေဆုံးသွားကြပြီလို့လည်းယူဆကြပါတယ်.. ဒါကြောင့် အာကာသပိုင်ဗိုလ်ချုပ်ကနေ ထိုမားစ်ဂြိုလ်ကိုအပြီးတိုင်ဖောက်ခွဲဖို့ဆုံးဖြတ်လိုက်ပါတယ်.. လူငယ်တပ်စုဟာ မားစ်ဂြိုလ်ပေါ်ကနေများပြားလှတဲ့ ပိုးကောင်တွေကိုအချိန်မှီဖယ်ရှားပြီးတော့ သူတို့နေထိုင်ရာ ယာဉ်ဆီကို အမြန်ဆုံးပြန်နိုင်မလားဆိုတာကတော့ စိတ်၀င်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်…. Animation ကြိုက်သူများအတွက်ကတော့ ရုပ်ထွက်ပီပြင်တဲ့ Animation ကားဖြစ်

The Jungle Book (2016)

The Jungle Book (2016) Jungle Book ဟာ Rudyard Kipling ရဲ့ နာမည်ကျော်စာအုပ်နဲ့ 1967 ကထွက်ခဲ့တဲ့ နာမည်ကျော် Jungle Book ကာတွန်းကားတို့ကို လူနဲ့ Visual effect တွေသုံးပြီး အသက်ပြန်သွင်းထားတာဖြစ်ပါတယ်။ Jungle Book ရဲ့ ဇာတ်လမ်းကိုတော့ ပိတ်သတ်ကြီးက သိပြီးသားမို့လို့ အထွေအထူးတော့ ပြောပြစရာမရှိပါဘူး။ ဆိုတော့ ရိုက်ထားတဲ့အကြောင်း အရင်ပြောပါ့မယ်။ Iron Man ဒါရိုက်တာ Jon Favreau ရဲ့လက်ရာဖြစ်တဲ့ Jungle Book ဟာ ဒီနှစ်ရဲ့ အကောင်းဆုံးကားတွေထဲမှာပါပါတယ်။ တော်တော်များများအတွက်လည်း အကောင်းဆုံးဆိုတဲ့ကားဖြစ်နေမယ်ထင်ပါတယ်။ ဇာတ်လမ်းစစချင်း Jungle Book ဆိုတဲ့စာတန်းထိုးကတည်းက ဇာတ်လမ်းဆုံးတဲ့အထိ ကြည့်နေသူကို တောကြီးမျက်မည်းထဲရောက်သွားသလိုဖြစ်အောင် လုပ်ထားနိုင်ပါတယ်။ Cinematography ကိုလည်း အရမ်းသဘောကျပါတယ်။ Mowgli နဲ့ eye-level လောက်မှာပဲ အများဆုံးရှိပြီး ရိုက်ထားတဲ့အတွက် ကိုယ်ဟာ သူ့နေရာမရောက်ရင်တောင် သူဘယ်လိုမြင်နေခံစားနေရသလဲဆိုတာ ခံစားရတယ်။ Overhead shot တွေဆို မပါသလောက်ပါပဲ။ နောက် အခန်းတစ်ခန်းမှာဆို တော်ရုံလူ ငိုချင်စိတ်ပေါက်အောင် feel တွေပေးပါသေးတယ်။ ကလေးကလွဲလို့ အားလုံးနီးပါး CGI တွေချည်းဆို

Flying Color (2015)

ကဲ .. ဒီတစ်ပတ်တော့ ကျောင်းသူကျောင်းသားများ ဒါမှမဟုတ် စာမေးပွဲတစ်ခုခုဖြေစရာရှိသူများအတွက် ရုပ်ရှင်ကြည့်လိုက်ရုံနဲ့ ကြိုးစားချင်စိတ် motivation တွေ တဖွားဖွားပေါ်လာစေမယ့် ဂျပန်ရုပ်ရှင်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်။ နာမည်ကတော့ Flying Colors (ဂုဏ်ထူး) ပါတဲ့ ။ ဂျပန်ပြည်တွင်းမှာတော့ Biri Gyaru (ဘိတ်ချီးကောင်မလေး) လို့အမည်ရတဲ့ ဒီဇာတ်ကားလေးဟာ ၂၀၁၅ခုနှစ်မှာ ဒါရိုက်တာ Doi Nobuhiro ကနေ ကျူရှင်ဆရာတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဝတ္ထုကိုအခြေခံရိုက်ကူးထားတဲ့ ဘဝဟာသဇာတ်ကားတစ်ကား ဖြစ်ပြီး၊ ဂျပန် Box office မှာ နံပါတ်တစ်ချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ Gyaru ဆိုတာကတော့ ဂျပန်ဖက်ရှင် ၊ music ပိုင်းနဲ့ ရင်းနှီးသူတွေအတွက် ခဏခဏကြားဖူးနေပါလိမ့်မယ်။ Gal(Girl) ဆိုတာက ဂျပန်အသံထွက်နဲ့ slang ပုံစံသုံးကြရာက တွင်ကျယ်လာတဲ့ ဒီစကားလုံးဟာ သုံးနှုန်းပုံဖွင့်ဆိုချက်တွေ၊ အမျိုးအစားတွေအများကြီးရှိပေမယ့် ဒီမှာနားလည်ရလွယ်အောင်လို့ အလှအပအရမ်းဦးစားပေးပြီး၊ ခေတ်ပေါ်ဖန်စီရှုပ်ရှုပ်ယှက်ယှက်တွေအများကြီးဆင်ယင်ထားတဲ့၊ ကလေးဆန်တဲ့ခေတ်ကောင်မလေး လို့ပဲ ဆိုကြပါစို့။ Kudo Sayaka ဟာ ဆံပင်ရွှေရောင်ဆိုးထားတဲ့ Gyaru တစ်ယောက်ဖြစ်ပါတယ်။ သာမန်မိ